Coordination Meeting Held on SSID Online Registration Platform by the Department of Small-Scale Industries
Ltd မှ Managing Director တို့ တက်ရောက်ကြပြီး ကမ္ဘောဇဘဏ်ရှိ Digital Banking မှ တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။
ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ဌာနအနေဖြင့် Online Registration ပြု လုပ်ခြင်းမှ ရရှိလာသည့် Digital Payment များကို ကမ္ဘောဇဘဏ်မှတစ်ဆင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁၅)ခုသို့ ပြန်လည်လွှဲပြောင်းသည့်စနစ်ဆောင်ရွက်ခြင်း၊ လွှဲပြောင်းရာတွင် လိုအပ်သည့် Transaction Charges များ၊ MoU ချုပ်ဆိုနိုင်ရေး ကိစ္စရပ်များကို ထည့်သွင်းပြောကြားသည်။
ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသူများက Online Registration အတွက် ကောက်ခံမည့်နှုန်းထားများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဝင်လာမည့် မှတ်ပုံတင် ကြေးများကို ခွဲခြားသိရှိနိုင်ခြင်း၊ Online Registration ပြု လုပ်ခြင်းမှ ရရှိလာသည့် Digital Payment များကို ကမ္ဘောဇဘဏ်မှတစ်ဆင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများသို့ ပြန်လည်လွှဲပြောင်းခြင်း၊ Transaction Charges များ နှင့် MoU ချုပ်ဆိုရာတွင် လိုအပ်သည့် အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။